Friday, December 25, 2015

ဗောဓိ​ရွှေဂူ အတွင်းနံရံမှ စစ်​သည်​​တော်​များ

Friday, December 11, 2015

ရခိုင့် သမိုင်းအကျဉ်း ၊ Rakhine National Posts

မြန်မာတို့၏ မဟာမုနိ စစ်ဆင်ရေးများ
……………………………………..
ရက္ခ
……..
ငတုံငမင်( စောရွှေလူ ) မင်းသားအလွန်မှ စတင်ကာ ရှမ်း(မွန်ဂို) ၊ တရုတ် နှင့် ပျူတို့ ၏ ကျူးကျော်ရန်စစ်ကို အကြိမ်ကြိမ်ခံခဲ့ရပြီးသော စစ်ဒဏ်သင့် ဝေသာလီမြို့ကို စွန့်ခွာကာ လေးမြို့ခေတ်( ပဉ္စာမြို့ ) ကို စတင်ထူထောင်ခဲ့သည် ။ လေးမြို့ခေတ်သည် AD- ၈၁၈ မှစတင်ကာ AD-၁၄၃၀ ထိ တည်တံ့ခဲ့ သည် ။ ပုံမှန်အားဖြင့်ကြည့်လျှင် လေးမြို့ခေတ်တွင် စိုးစံကြသော ရခိုင့်ဘုရင်မင်းမြတ်တို့မှာ အရည်ချင်းရှိကြ သောဘုရင်များဖြစ်ကြသည်ဟု ဆိုရမည် ။ ထို့ကြောင့် လေးမြို့ခေတ်တွင် တိုင်းတပါးမှ ကျူးကျော်ဝင်ရောက် ခဲ့မှုရှိခဲ့သော်လည်း ယိမ်းယိုင်မသွားခဲ့ပဲ အရည်ချင်းရှိသောဘုရင်တို့က တိုင်းရေးပြည်ရာများကို ပိုမိုတောင့်တင်း ခိုင်မာအောင်ပင် လုပ်ဆောင်နိုင်ခဲ့ကြသည်ကို တွေ့ရသည် ။ အစောပိုင်းဝေသာလီခေတ်တွင် တစ်နေရာမှတစ် နေရာ လှည့်လည်သွားလာတိုက်ခိုက်နေကြသော မွန်ဂို ၊ ရှမ်း ၊ တရုတ်တပ်ဖွဲ့များသည် ရခိုင်ပြည်သို့ ရည်ရွယ် ချက်မရှိပဲ ၀င်ရောက်တိုက်ခိုက်ဖျက်စီးမှုများကို မကြာခဏကြုံခဲ့ရသော်လည်း လေးမြို့ခေတ်သို့ ရောက်သော အခါ မရှိသလောက်နည်းပါးခဲ့သည် ။ သို့သော် လေးမြို့ခေတ်မှစတင်ကာ ရခိုင်ပြည်ထောင်သည် မြန်မာတို့ နှင့်မူ ပို၍ ထိတွေ
ရခိုင်ရိုးရာ ရထားဆွဲပွဲ အကြောင်းကို ဖတ်မိသလောက် ပြန်မျှဝေပေးတာပါ
******************************************************************************

စာဆိုဥက္ကာပျံ၏ (၁၂)လရာသီဘွဲ့တွင် "ကုံရာသီတပို့တွဲသည်၊ လွမ်းဖွယ်ပင် ပျော်ရွင် လူ့ရပ်မြေ ရထားငယ် တာသဘင်၊ နှစ်စဉ်ငင်ကေ၊ သောင်းခွင်ရို့ပြည်ထက်"ဟူ၍ ရထားပွဲတော် အကြောင်းကို စပ်ဆိုခဲ့သည်။ ရထားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း (၁၄)ရက်မှ လပြည့်ကျော်(၁)ရက်နေ့အထိ ကျင်းပလေ့ရှိသည်။ ရထားဆွဲပွဲကို ညနေ(၉)နာရီမှ စတင်ပြီး သန်းခေါင်ကျော်အထိ အပြန်အလှန် ဆွဲလေ့ရှိကြသည်။ ရထားဆွဲ ပွဲနားချိန်တွင် အကျွေးအမွေး အတီးအမှုတ်တို့ဖြင့် ကခုန်ကာ တပျော်တပါး စည်ကားစွာ ကျင်းပကြသည်။ တနည်းအားဖြင့် ရထားဆွဲပွဲသည် ရွာလုံးကျွတ်၊ မြို့လုံးကျွတ်ပါဝင်ရသော ပျော်ပွဲရွှင်ပွဲကြီးဖြစ်၍ စည်းလုံး မှုနှင့် စုပေါင်းခြင်းသဘာဝကို ဖော်ပြသည့် ပွဲတော်လည်းဖြစ်သည်။ ရထားကို ပြည်သူအများ ရွာဟုန်ရွာလုံး ကျွတ် ဆွဲကြရသဖြင့် အထူးခိုင်ခံ့အောင် ပြုလုပ်ရသည်။

ရထားဘောင်ကို အထူးခိုင်ခံ့အောင် ဦးစွာပြုလုပ်ရပြီး ရထားစက်ဘီးကို တပ်ရသည်။ စက်ဘီးဝင်ရိုးကို သင်းပင်း၍စိုက်ကာ၊ ဖိုးခေါင်ကြိမ်နဗက်ခြမ်းများဖြင့် အထပ်ထပ်ခိုင်အောင် ချည်ရသည်။ ထို့နောက် ၀ါးညွန့် ကို ရထားညွန့်အဖြစ်စိုက်ထူပြီး ၀ါးညွန့်ထက်၌ အောင်ဆုအောင်လံတော်ကို စိုက်ထူရပြန်သည်။ ရထား ဆင်ပြင်၍ ပြီးသောအခါ တစ်ဘက်စီတွင် ခိုင်ခံ့သော ကြိုးတစ်ချောင်းစီကို တပ်ဆင်ပေးရသည်။ ရှေးအခါ က နွယ်ကြိုး၊ ၀ါးကြိုးများကို အသုံးပြုခဲ့ကြရသည်။

ရထားဆွဲသည့်အခါ၌ လူသန်ယောက်ျားကြီးများက နှစ်ဘက်မှနေပြီး ထိန်းပေးကြရသည်။ ရထားအပေါ် သို့ မြောက်တက်သည့်အခါများတွင် ရထားဘောင်ကိုတက်၍ ထိန်းပေးရသည်။ ရထားဆွဲဖန်များလာ၍ ရထားစက်ဘီးများ အသံမြည်လာသောအခါ ရထား အစာတောင်းသည်ဟုဆိုပြီး ငှက်ပျောပင်ကို ရထားဝင် ရိုးထဲသို့ ထည့်ပေးရသည်။ ရထားကို ယောက်ျားတစ်ဘက်၊ မိန်းမတစ်ဘက် ဆွဲလေ့ရှိကြသည်။ ရထားပြု လုပ်စီစဉ်ပေးသည့်ရွာကို "ရွာခံရွာ"ဟု ခေါ်သည်။ တစ်ရွာနှင့်တစ်ရွာလည်း အပြိုင်ဆွဲကြသည်။ ရထားပွဲသ ဘင်တွင် လူပျို၊ အပျို၊ လူရွယ်၊ မင်းကျွန်၊ လူကြီးသူအို အားလုံး ပါဝင်နိုင်သည်။ သံချပ်များသီဆိုပြီး၊ အိုးစည် ဗုံမောင်းတီးကာ ကခုန်၍ ရထားဆွဲကြရသည်မှာ အလွန်ပင်ပျော်စရာ ဖြစ်သည်သာမက အမျိုးသားအချင်း ချင်း စည်းလုံးညီညွတ်မှုကိုလည်း ရရှိခိုင်မာစေလေသည်။ မျိုးချစ်စိတ်ဓါတ်ကိုလည်း ထပ်လောင်းဖြစ်ပေါ်စေပေသည်။

ရထားဆွဲပွဲတွင် အသင်း တသင်းတွင် အနည်းဆုံး လူ (၂၀)ခန့်ပါဝင်ကြပြီး တစ်ဘက်နှင့် တစ်ဘက် အနိုင်အရှုံး အတွက် သုံးကြိမ် တိုင်တိုင် အားပြိုင်ဆွဲကြ ရသည်။ ရှေးယခင်က ဗိုလ်စွဲသည့် အဖွဲ့မှာ တပို့တွဲ လပြည့်နေ့ သန်းခေါင်မကျော်မီ ရထားယာဉ်ကို မီးရှိုးခွင့် ရရှိကြသည်။ ယခု မျက်မှောက်ခေတ်တွင် ရထား မီးရှို့ခွင့် အပြင် နောက်ဆုံးနေ့တွင် ရွှေဖလား၊ ငွေဖလား စသည့် ဆုများကိုလည်း ချီးမြှင့်လေ့ ရှိကြသည်။

ရထားပွဲတော်ကို ကုံရာသီ (ခေါ်) တပို့တွဲလတွင် ကျင်းပလေ့ရှိပြီး ရခိုင်ဘုရင်များလက်ထက် အမတ်ကြီး ဦးမြ၀ါ သေဆုံးပြီးနောက်ပိုင်း မှ စပြီး ပေါ်ပေါက်လာသည်ဟု သမိုင်းမှတ်တမ်း မှတ်ရာများ အရ သိရသည်။

ရထားကို ငွေကုန်ကြေးကျခံကာ ပန်းနွယ်ပန်းခက် သစ်ဝါး အညွှန့်အခက်များဖြင့် အလှတန်ဆာဆင်ကာ ပြုလုပ်ရပြီး သစ်သားဖြင့် အခိုင်အမာပြုလုပ်ထားသော ဘီးလေးလုံးပါ ရထားယာဉ်ငယ်ပေါ်တွင် တပ်ဆင်ကာ တစ်ဖက်နှင့် တစ်ဖက် အပြိုင်အဆိုင် လွန်ဆွဲကြသည့် ရထားဆွဲပွဲတော် ဖြစ်သည်။ ရခိုင်ရိုးရာ ရထားပွဲတော်သည် ဆယ့်နှစ်လရာသီ ပွဲတော်များအနက် ထင်ရှားသော ပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ် နှစ်တိုင်း တပို့တွဲ လပြည့်မကျော်မီ ကျင်းပရသော ပွဲတော် တစ်ခုလည်း ဖြစ်သည်။

ရထားပွဲသံချပ်ကြီး

ယောက်ျားဘက်။ ။ မောင်ရို့ မောင်ရို့ (လေး) (လေး)
လက်မောင်းလက်ဖန် ပြောက်တန်လောက်နန့် ရထားဆွဲဖို့ လာလတ်တေ။
 ဗေဒင်ဝှရား၊ မိန်းခယင့်လား၊ ဂြိုလ်လားဂြိုလ်လာ ဇာတာစောင်းလို့၊
 ရထားရှုံးဖို့ မြင်လတ်တေ အရှက်ရမေ မလာကတ်ကဲ့၊
 ဒေါက်ဖနပ်ကြီး စီးလို့လာ လမ်းလျှောက်တေခါ ယိုင်ဗီယိုင်ဗား၊
 ရထားဆွဲဖို့ လာလတ်ခါ ကြိုးကိုပါအောင်ဆွဲနိုင်ယင့်လား၊
 ကြိုးကိုကိုင်လို့ လက်ပေါက်ကေ၊ ပ၀ါချေနန့် ပတ်လို့ထားဂတ်၊
 အိုမရီးရို့ မရီးရို့၊ မမခေါင်းဆောင် ထိုအရီးက၊
 ခါးကြိုးစည်းလို့ ထွက်လတ်တေ၊ ကလေလူချေ ကျွန်တော်ရို့နန့်၊
 ရထားပြိုင်လို့ ဆွဲရေခါ လဲပါလားမေ သတိထားဂတ်၊
 ယောက်ျားဘက်က မောင်ရို့မှာ နိုင်ဖို့ဆိုစွာ ကျိန်းသီသိလို့၊
 ဆွဲရဖို့တောင် အားနာရေ၊ ဆိတ်နန့်ဆင်ပုံ ပမာပြလို့၊
 အားချင်းမမျှ ယုံဂတ်ပါ၊ ဘုရားသတ်စီ နိုင်ဖို့ဖက်သား၊
 စေတနာနန့် ပြောခမေ၊ ရှုံးဖို့လာရေ အိုမရီးရို့၊
 လဲပြိုကျလို့ ဒူးပွန်းကေ၊ အရှုံးပီးဗျာယ် ပြန်ဂတ်ပါလင့်၊
 ဆွဲနီလို့လဲ အပိုရာ၊ ကမ္ဘာဆုံးတောင် နိုင်ဖို့မဟုတ်၊
 ခါချိုင်ကောင်ပိုင် မာဟုန်ကြီးလို့၊
 ထိုတောင်ကြီးကို ဖြိုဖို့ကြံ၊ ခါးကမသန် မာန်ကိုလျှော့ဂတ်၊
 မာန်ကိုလျှော့လို့ ပြန်ဂတ်လီ၊ ပြန်ရာပြန်လီ အို မရီးရို့၊
 မောင်ရို့ မောင်ရို့ (လေးလေး)၂ မောင်ရို့လေး ၀ါး။ ။

မိန်းမဘက်။ ။ လက်မောင်းလက်ဖန် အကြီးသန်နန့်၊
 ရထားဆွဲဖို့လာလတ်တေ၊ နိုင်ဖို့ထင်ရေ အို အမောင်ရို့၊
 နားထောင်ဂတ်ဖို့ ပြောပြမေ၊ လောကအလယ် အကျွန်ရို့မှာ
 မောင်းထောင်းရီခပ် တတ်မျိုးစုံ၊ လက်မျိုးအစုံ အောင်တိုင်းမြောက်လို့၊
 ရထားချေလောက် ဆွဲရာမှာ၊ မနိုင်စရာ အကြောင်းမဟိ၊
 ညီညီညာညာ ခွန်အားစိုက်လို့၊
 အကျွန်ရို့က ဆွဲလိုက်ကေ၊ တာပြတ်လဲမေ သတိထားဂတ်၊
 မမ တိရာ ဆိုပြီးကေ၊ ခွန်အားငယ်ရေ ထင်မိမှားလို့၊
 ရထားပွဲမှာ ဆွဲရေခါ၊ အံ့သြစရာ မောင်ရို့ရှုံးလို့၊ ယူကြုံးမရ ဖြစ်လိမ့်မယ်။
 လွန်လီခရေ ရထားပွဲမှာ၊ အကျွန်ရို့ကို နိုင်ဖူးယင့်လား၊
 စကားလုံးက ကကြီးကျယ်၊ အလံယူရေ နောက်ဆုံးနိန့်မှာ၊
 ကကော့လန်လို့ ရှုံးလိမ့်မယ်၊ သေသေချာချာ ကြည့်လို့ဆွဲဂတ်၊
 ရပ်စောက်ထလို့ အားကိုပျင်၊ ကြိုးကို ဒေါင်တင်ညီအောင်ဆွဲလို့၊
 ရထားပွဲမှာ အရီးရာ၊ ရှုံးရေမျက်နှာ ဖုံပြာပြာနန့်၊
 အမောင်ရို့ရာ ပြန်ကတ်လီ၊ ဇာမထီရေ မမဘက်သား၊
 လဆုပ်ရက် နောက်ဆုံးမှာ၊ အောင်ပွဲခံကာ အလံယူဖို့၊
 ရထားမီးတိုက် ကျိန်းသီပါ၊ ယှဉ်ပြိုင်လာလို့ ရဖို့မဟုတ်။

(ဤသို့ အားဖြင့် ရထားတစ်ကြိမ်ဆွဲလျှင် သံချပ်တစ်ခေါက်စီထိုးကြသည်။ နောက်ဆုံးတွင် အနိုင်ရသည့် ဘက်က အလံနှင့်ရထားကိုယူကာ မီးတိုက်ကြလေသည်။) [ဆရာကြီး ဓညစံ၏မူကို ဖော်ပြပါသည်]

ဦးရွှေဇံ

ရခိုင်သမိုင် အလင်းပြကျမ်းမှ
ဦးဦးသာထွန်း အတ္ထုပ္ပတ္တိ အကျဉ်း

ဦးဦးသာထွန်း

ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်ဈေးရွာ အနီး အဖ ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ွ့ကဇံတို့မှ ၁၉၁၇ ခု၊ နိုဝင်ဘာလ ၂၃ ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ တဦးတည်းသောသား ဖြစ်သည်။ ငယ်စဉ်မှ စ၍ အဘိုးဖြစ်သူ ရာဇဝင် ဆရာကြီး ဦးသာထွန်းအောင်က ရခိုင် ရာဇဝင်၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နုတ်တိုက်အာဂုံ သင်ကြား ပေးခဲ့သည်။ နဝမတန်းတွင် ပညာသင် ကြားနေစဉ် ဖခင် ကွယ်လွန်သောကြောင့် ကျောင်းထွက်လိုက်ရပြီး ရဟန်း ပုဂ္ဂိုလ်တို့ထံတွင် သက္ကဋ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြား လောကီ ပညာရပ်များကို သင်ကြား လေ့လာ ဆည်းပူးခဲ့သည်။

၁၉၅ဝ ခုနှစ်မှ ၁၉၅၅ ခုနှစ်ထိ မူလတန်း ကျောင်းဆရာ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး၊ ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်း သုတေသန ဌာနခွဲတွင် ရခိုင် မြန်မာ ပဏ္ဍိတ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ယခုလက်ရှိ မြောက်ဦး ရှေးဟောင်း သုတေသန ပြတိုက်ကြီးသည် ဆရာကြီး စုဆောင်း တည်ဆောက်ခဲ့သော ပြတိုက်ကြီး ဖြစ်သည်။
၁၉၇၇ ခုနှစ် မှ ၁၉၈၃ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်း သုတေသန ဌာနခွဲတွင် အကြံပေး ပုဂ္ဂိုလ် အဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့သည်။
၁၉၈ဝ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ တူးဖော်ခဲ့သော ရခိုင် ဝေသာလီမြို့ဟောင်း တူးဖော်မှု လုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင် တူးဖော် ဆောင်ရွက်ခဲ့သည်။
မြောက်ဦးမြို့ ဘုရားသမိုင်း (၁၃ဝ၁ ခုနှစ် ပုံနှိပ်)၊ ဦးရာဇ် တောင် ဘုရား သမိုင်းကျမ်း ပြင်ဆင် ဖြည့်စွက်ချက် (ပုံနှိပ်) (၁၉၅၂ – ၅၃)၊ ရက္ခိုင် အမျိုးသမီး သူရဲကောင်း အတ္ထုပတ္တိ (၁၉၅၃ – ၅၄) (ပုံနှိပ်)၊ ရက္ခိုင် ရာဇဝင် သင်္သေပကျမ်း (၁၉၅၄ – ၅၅) ပုံနှိပ်၊ ဝသဲ ဘုရားသမိုင်း (ပုံနှိပ်)၊ ရှင်သတ် ဘုရားသမိုင်း (ပုံနှိပ်) များအား ပုံနှိပ် ထုတ်ဝေခဲ့သည်။ ရက္ခိုင် ကဗျာပေါင်းချုပ်၊ ရက္ခိုင် ရာဇဝင် ဘာသာပြန်၊ ရက္ခိုင်ဒင်္ဂါးများ (ဘာသာပြန်)၊ ရက္ခိုင် ဓာတ်တော်ဘုရား စေတီများနှင့် မြောက်ဦးမြို့ တန်းခိုးကြီး ဘုရားများ၊ သမိုင်း ကျမ်းစာများကို ရေးသား ပြုစုပြီး ဘဏ္ဍာရေး ဝန်ကြီး ဆာဦးထွန်းအောင်ကျော် ထံတွင် အပ်ခဲ့သည်။
အံတော်သိမ် ဘုရားသမိုင်းကျမ်း၊ သဲထက် ဘုရားသမိုင်း၊ ထီးတော်မိုး ဘုရားသမိုင်း၊ ဘောင်းဒွတ်နတ်တောင် ဘုရားသမိုင်း၊ ဝေသာလီ ဘုရားကြီးသမိုင်း၊ သိမ်တော်ကြီး ဘုရားသမိုင်း၊ မဟာထီး ဘုရားသမိုင်း၊ ပါးတော် ဘုရားသမိုင်း၊ ဘုရားပေါ် ဘုရားသမိုင်း၊ သျှစ်သောင်း ဘုရားသမိုင်း၊ မင်္ဂလာ ဓာတ်ရွှေကူ ဘုရားသမိုင်းများကို လင်္ကာ စကားပြေ မော်ကွန်း စသည့်တို့ဖြင့် ရေးသား ထုတ်ဝေခဲ့သည်။
ဓညဝတီ မဂ္ဂင်း စာတည်း၊ အယ်ဒီတာ အဖြစ် တာဝန်ယူ ထုတ်ဝေခဲ့သည်။ ဓညဝတီ စာစောင်၊ ဓညဝတီ မဂ္ဂဇင်း၊ ရခိုင်တန်ဆောင် မဂ္ဂဇင်း၊ မန္ဈလေး ပြည်သူ့ဂျာနယ်၊ ရန်ကုန် မဂ္ဂဇင်း၊ စုံထောက် မဂ္ဂဇင်း၊ ယဉ်ကျေးမှု စာစောင်၊ ရခိုင် မဂ္ဂဇင်း၊ စစ်တွေ ကောလိပ် မဂ္ဂဇင်း၊ ရခိုင် ပြည်နယ် စာစောင်၊ ဝရာဇ်မြေ မဂ္ဂဇင်းများတွင် ဦးဦးသာထွန်း၊ ဦးသူရိယ အစရှိသော ကလောင် အမည်များဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။
မြို့စောင့်နတ် ဒေဝတာဗလီ ပူဇော်ကျမ်း၊ အဉ္ဇန နိဒါန်း ဆေးကျမ်း၊ ရခိုင်စည် ပြုလုပ်ပုံနှင့် တီးကွက်၊ တီးလုံးများ၊ ကဗျာများ စုပေါင်း စာတမ်း၊ ရခိုင် ထိမ်းမြားမင်္ဂလာ ပန်းတျား တီးလုံး၊ တီးကွက်နှင့် ပြုလုပ်ပုံ အတိုင်းအတာ စာတမ်း၊ ရခိုင် သတ်ပုံ သတ်ညွှန်းခွဲထားခြင်း အဓိပ္ပာယ်ထွက်ပုံ စာတမ်း၊ ရခိုင်ပလွီ (ြွ့ပီ) အမျိုးမျိုး ပြုလုပ်ပုံ အတိုင်းအတာ စာတမ်း၊ သျှိုင်ဒိုင်၊ ကောက်ဦးဆွမ်းတင်၊ ပိုးဝါ၊ ဗုဒ္ဓ ပူဇနိယ ဆီမီးခွက် အက၊ တေးခြင်းကဗျာ စသည်တို့ကို ရေးသား ပြုစုခဲ့သည်။
ဆင်ယင် ထုံးဖွဲ့မှုကျမ်း (မူကြမ်း)၊ ရခိုင် ရာဇဝင် (မူကြမ်း)၊ ရခိုင်အက္ခ ဆင်းသက်လာပုံကျမ်း (မူကြမ်း)၊ ရခိုင် ကျောက်စာ ပေါင်းချုပ်ကျမ်း (မူကြမ်း)၊ ရခိုင်ဘုရင် သမိုင်းကျမ်း (မူကြမ်း)၊ ရခိုင်သား ဒေါင်းမာတင် (မူကြမ်း)၊ သျှင်ဦးမြဝါကျမ်း (မူကြမ်း)၊ ရခိုင်မင်းသမီး ဧခြင်း ရှင်းလင်းချက် (မူကြမ်း)၊ ဗျာလစာတမ်း (မူကြမ်း)၊ ကျောက်တော်မြို့ သေလာဂီရီ မောပဗ္ဗတ တောင်ခြေရင်းမှ တွေ့ခဲ့ရသော ကျောက်ဆစ်လက်ရာများ သုတေသနပြုချက် (မူကြမ်း) စသည်တို့ကို ရေးသား ပြုစုခဲ့သည်။
သြစတြေးလျနိုင်ငံ အမျိုးသား တက္ကသိုလ် သုတေသီ PAMELA GUTMAN ၏ ANCIENT ARAKAN ကျမ်း ပြုစုစဉ်တွင် လည်းကောင်း၊ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှ ပါမောက္ခ ရောဖတ်ဆာဗ်ရ် (BERNOT) အတွက် ရခိုင်ပုံပြင် လိပ်ကန်ဖာမ ဝတ္ထုနှင့် ကျီးဖြူရွာ စာတမ်းများကို လည်းကောင်း၊ ပြင်သစ်နိုင်ငံ ပါမောက္ခ ဦးလှသိန်း (ခေါ်) ဂျွန်န်အိုကဲလ်ဖို့၏ စေတီ အဆောက်အအုံနှင့် နန်း အဆောက်အအုံ စာတမ်းကို လည်းကောင်း၊ အမေရိကန်နိုင်ငံ အာရှဖောင်ဒေးရှင်း အတွင်းရေးမှူး ဒေးဗစ်စတိမ်းဗာစ်၏ ဝေသာလီ ကျောက်ရုပ်တု ဆင်းတုများ၏ နှစ်ပေါင်း ကြာညောင်းမှုအား တိုင်းတာမှု စာတမ်းကို လည်းကောင်း၊ ဂျပန်နိုင်ငံ ပါမောက္ခ အိုနို တိုရရူနှင့် ရခိုင် စကားပြော လေယူလေသိမ်း အသံထွက်ပုံ စာတမ်းနှင့် ဘောင်းဒွတ် အရပ်တွင် ရှိသော ဒတ်ခ်ျ ကောင်ဆယ်လာ အဆောက်အအုံ ပုံစံနှင့် ကူးသန်း ရောင်းဝယ်ခဲ့ပုံ စာတမ်းကို လည်းကောင်း ရေးသား ပြုစုရာတွင် ကူညီခဲ့သည်။
နိုင်ငံတော် အစိုးရ ယဉ်ကျေးမှု ဌာနနှင့် အခြား ပုဂ္ဂိုလ်တို့ကိုလည်း ဆရာကြီးသည် ကူညီပေးခဲ့သည်။ ဦးမင်းနိုင်၏ ပြည်ထောင်စု အကပဒေသာ စာအုပ် (၁၉၅၉)၊ ရခိုင် တိုင်းရင်းသား လူမျိုး ဖြစ်စဉ်နှင့် ဓလေ့ထုံးစံများ စာအုပ်၊ တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာ ဓလေ့ထုံးစံများ၊ ရခိုင်ပြည်နယ် ဘဏ္ဍာတိုက်ကြီးများကျမ်း၊ ရခိုင်ရိုးရာ စည်တော်နှင့် တူရိယာ တီးကွက်များ စာတမ်း၊ မြန်မာ ဝေါဟာရ အဘိဓာန်ကျမ်း ပြုစုစဉ် ဝေါဟာရ စာလုံးများ ပြုစုပြီး ပေးပို့ခြင်း၊ ရခိုင် ဝေါဟာရ အဘိဓာန် ပြုစုစဉ် ဝေါဟာရ စာလုံးများနှင့် အဓိပ္ပါယ် ဖွင့်ဆိုချက်၊ ကျမ်း ကိုးကားချက်များ စာအုပ် ပြုစုခြင်း၊ ၁၉၇၆ – ၇၇ ခု ရခိုင်ပြည်နယ်နေ့၊ ရခိုင်ပြည်နယ်၊ တံဆိပ်၊ ရခိုင်ရိုးရာ ကျား/မ ဝတ်စုံ စာတမ်း၊ ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း၊ မြောက်ဦးလမ်းညွှန် စသည်တို့ကို ပါဝင် ကူညီ ရေးသား ပြုစုခဲ့သည်။
အထက်တန်း ပညာ ဦးစီးဌာန ညွှန်ချုပ် (ငြိမ်း) ပါမောက္ခ ဦးစံသာအောင် အတွက်လည်း ၁၉၇၂ ခု အဘိဓမ္မာ ကောက်နုတ်ချက် ပုရပိုက်ကို မိုက်ခရိုဖလင် ရိုက်နှိပ်ရန် အတွက် လည်းကောင်း၊ ဂဝိကဏ္ဍ ပါသဏကျမ်း ပေမူကို မိုက်ခရိုဖလင် ရိုက်နိုင်ရန် လည်းကောင်း၊ လျှိုဝှက်ကျောက်စာ ဂဏန်းရေးနည်း ပေမူကို မိုက်ကရိုဖလင် ရိုက်ရန် လည်းကောင်း၊ အေဒီ ၆ ရာစုနှင့် ယင်းမတိုင်မီက ရခိုင်ပြည်နယ်သုံး အက္ခရာစာအုပ် ပြုစုရာတွင် လည်းကောင်း၊ အနန္ဒစန္ဒြား ၈ ရာစု ရခိုင် ဝေသာလီ စာအုပ် ပြုစုရာတွင် လည်းကောင်း၊ ရခိုင်ဒင်္ဂါးများ သမိုင်း ပြုစုရာတွင် လည်းကောင်း၊ ဗုဒ္ဓ အနုပညာ (Buddhist Art of Ancient Arakan) စာအုပ်ပြုစုရာတွင် လည်းကောင်း ပါဝင် ကူညီခဲ့သည်။
၁၉၅၉ ခုနှစ်မှာ မြန်မာ့ အသံ ရေဒီယိုမှ ရခိုင်အသံကို အစဆုံး အသံလွှင့်ခဲ့သည်။ တိမ်မြုပ် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သော ရခိုင်ယဉ်ကျေးမှု အမွေအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင့်စာပေ၊ ရခိုင့်ရိုးရာ ဓလေ့ ထုံးတမ်းစဉ်လာများအား ကမ္ဘာက သိအောင် ရှာဖွေစုဆောင်း လေ့လာ ဖော်ထုတ်ခဲ့သည်။ ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်။ ရခိုင်သူ၊ ရခိုင်သားများကိုလည်း ရခိုင့်ယဉ်ကျေးမှု အမွေအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင့်စာပေ၊ ရခိုင့်ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာ ဖော်ထုတ် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန်လည်း အမြဲ ဆော်သြခဲ့သည်။
ဆရာကြီး သည် ရခိုင့် ယဉ်ကျေးမှု အမွေအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင့်ရိုးရာ ထုံးထမ်းစဉ်လာများကို ဖော်ထုတ်ခဲ့သော ဖခင်ကြီး ဖြစ်သည်။
ဆရာကြီးသည် ရခိုင် ဒီမိုကရေစီ ရရှိရေး၊ တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရရှိရေး အတွက်လည်း စွမ်းစွမ်းတမံ ရှေ့တန်းမှ ဦးဆောင်ဦးရွက် ဆောင်ရွက်ခဲ့သည်။ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်တွင် နာယကကြီး အဖြစ် ထမ်းဆောင်ခဲ့ပြီး ကျောက်တော်မြို့ မဲဆန္ဒနယ် အမှတ် (၁) တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးလည်း ဖြစ်သည်။ ဆရာကြီးသည် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၏ စည်းရုံးရေး ခရီးစဉ် အဖြစ် အနယ်နယ် အရပ်ရပ်သို့ မဲဆွယ် တရားဟော ထွက်စဉ် မင်းပြားမြို့နယ်၊ ပြားချောင်း ကျေးရွာ မဲဆွယ် တရားဟောပွဲတွင် တရားဟော နေစဉ် ဖမ်းဆီးခံရပြီး ထောင်သွင်း အကျဉ်းချ ခံခဲ့ရသည်။
ဆရာကြီးအား အမျိုးသားရေး တရားဟောသည် စသည်ဖြင့် အမျိုးမျိုး စွဲချက်တင်ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ နဝတ/ နအဖ စစ်အစိုးရ၏ တိုင်းပြည်အပေါ် မတရား စော်ကားမှုများကို ဆရာကြီး၏ အချက်ကျကျ ဝေဖန် ဟောပြောမှုများကြောင့် နဝတ/ နအဖ စစ်ဝါဒီများ၊ ဗမာ လူမျိုးကြီး ဝါဒီများအား အနာပေါ် တုတ်ကျသကဲ့သို့ ဆတ်ဆတ်ထိ မခံမရပ်နိုင် ဖြစ်ခဲ့ရသည်။
ထို့ကြောင့် ဆရာကြီးအား အငြိုးထားကာ မတရား ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ထောင်ဒဏ် ၃ နှစ် အပြစ်ပေးကာ စစ်တွေထောင်တွင် အကျဉ်းချ ထားခဲ့သည်။ ထောင်ကျပြီး ၅ လ အကြာ ၁၉၉ဝ သြဂုတ် ၁၄ တွင် ကွယ်လွန်ခဲ့သည်။ (ထောင်ထဲတွင် နဝတ/ နအဖ စစ်ဝါဒီများက ဆရာကြီးအား ထမင်းကျွေးရာတွင် စိန် အစ ရှိသော အဆိပ်ပါသည့် အစားအစာများအား နေ့စဉ်လိုလို အနည်းငယ် ထည့်ကျွေး လုပ်ကြံခဲ့သည်ဟု ရခိုင် အမျိုးသားများက ယုံကြည်နေကြသည်။)။ သို့သော်လည်း နဝတ/ နအဖ စစ်ဝါဒီများက ဆရာကြီး သေဆုံးရခြင်းသည် ဦးခေါင်းတွင် သွေးမတိတ်သည့် ရောဂါ (Cerebral Haemorrhage) ဖြင့် အကျဉ်းထောင် ဆေးရုံတွင် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း The Truth အမည်ရှိ ဆောင်းပါးများကို လုပ်ကြံ ဖန်တီး ရေးသားခဲ့သည်။
ဆရာကြီး၏ အလောင်းကို သူ၏ဇာတိ ချက်ကြွီ မြောက်ဦးမြို့သို့ ယူဆောင်လာခဲ့ပြီး ဆရာကြီး အလွန် တန်ဖိုးထားခဲ့သော ရန်အောင်ဇေယျ (ခေါ် ) သျှစ်သောင်း ပုထိုးတော်ကြီး ဘုရားရိပ်တွင် မြေမြှုပ် သင်္ဂြိုဟ်ခဲ့သည်။

ရခိုင် ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (ရကလစ) ရဲ့ (၁၈) နှစ်မြောက် ခိုင့် ယဉ်ကျေးမှု အမွေအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင့်ရိုးရာ ထုံးထမ်း စဉ်လာများကို ဖော်ထုတ်ခဲ့သော ဖခင်ကြီး ဦးဦးသာထွန်း၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (နာယက) ကျဆုံးခြင်း ဝမ်းနည်း အောက်မေ့ဖွယ် အထိမ်းအမှတ်၊ ၂ဝဝ၈ သြဂုတ်လ ၁၄ ရက် လက်ကမ်း စာစောင်ကနေ “ဦးဦးသာထွန်း အတ္ထုပ္ပတ္တိ အကျဉ်း” ကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။
သျှင်မြ၀ါ

မြောက်ဦးနန်းစံ၊ ဘုရင်မင်းဗာဘုရင်ကြီးသည် မင်းဆရာဖြစ်သောသျှင်မြဝါအားရည်မှန်းလျှက် ထိုဆရာမြတ် ၏အရိုးကို မြီအောက်ဌာပနာထားတော်မူလျှက် တောင်ထွဋ္ဋ်တခုပေါ်၌ ကြီးစွာသောစေတီကြီးတဆူကို တည် ထားတော်မူသည်။ ထိုဆရာကြီးဦးမြဝါ၏ကျန်ရစ်သောပစ္စည်းများနှင့် ရွှေငွေရတနာများကိုဌာပနာ ထည့်ကာ တည်ထားခသဖြင့် ထိုတောင်ကို ကနိထိတိုင် မြဝါတောင် ဟုလည်းကောင်း၊ မြဝါစေတီဟုလည်း ကောင်းခေါ် တွင်သည်။

ဆရာကြီးသျှင်မြဝါမှာ ရသေ့ယောဂီတဦးဖြစ်သည်။ ရခိုင်ရာဇဝင်သမိုင်းတွင် ထင်ရှားသော မင်းမျိုး မင်းနွယ် မှ ပုဂ္ဂိုလ်တဦးဖြစ်သည်။ မဇ္ဈိမဒေသ၌ လောကီပညာအမျိုးစုံကို ဗာရဏသီ မြို့တော်၌ လည်းကောင်း၊ မိဂ တာဝုန် တောဟိ ဆရာဗိဿနိုးထံတွင်လည်းကောင်း၊ နှစ်ပေါင်း(၂၀) တိုင်အောင် လောကီပညာရပ်များကို တတ်မြောက်ပြီးသော် မိမိရခိုင်ပြည်ကြီးသို့ပြန်လာကာမြောက်ဦးမြို့၏မြောက်ဘက်တောင်ညိုကျောင်း တိုက် ဝယ် (နမန္တာ ဓားကျမ်း) ကြီးကို ပြုစုရွီးသားခ သော ပုဂ္ဂိုလ် ထူးတဦးဖြစ်သည်။

သျှင်မြဝါ၏ဖခင်မှာ စိုင်းတင်မြို့စား (မဟာနန္ဒသင်္ကြန်) ဖြစ်သည်။ မယ်တော်မှာ (ဆင်ကဲကြီး ဦးအောင်ထင် နှင့် စောသန္တာ) ရို့၏သမီးတော် (ဇေယျခေမာ) ပင်ဖြစ်သည်။ သျှင်မြ၀ါ၏ မွီးဖွား သက္ကရာဇ်မှာ (၈၅၄) ခု၊ ဝါခေါင်လပြည့် ကြသားပတီးနိ၊ မိုးထက် အချိန် (၄) ဗဟိုရ်တွင် ဖွားမြင် တော်မူသည်။ ငယ်စဉ်အခါက (မောင်မြဝါ) ဟုခေါ်တွင်သည်။ မယ်တော်ကြီး ဇေယျခေမာ၏ အစ်မတော် (စေနန္ဒီ) နှင့် (မင်းရာဇာ) ရို့မှ သက္ကရာဇ် (၈၅၄) ခုနှစ် ဝါခေါင်လပြည့်ကျော် (၃) ရက် စနီနိတွင် (မင်းဗာဘုရင်) ကိုဖွားမြင်တော်မူသည်။ ထို့ကြောင့် (သျှင်မြဝါ) နှင့် (မင်းဗာ) ဘုရင်မှာ ညီအစ်ကိုတော်စပ်သည်။

မဟာပညာကျော်အမတ်၏ငယ်နာမည်မှာကား (မြတ်သာထွန်း) ဖြစ်သည်။ ၎င်းကို သက္ကရာဇ် (၈၅၀) ခုနှစ် တွင် ဖွားမြင်သည်။ သို့ကြောင့် သျှင်မြဝါ၊ မင်းဗာကြီး၊ မဟာပညာကျော်ရို့မှာ ငယ်သူငယ်ချင်းများဖြစ်သည်။ ထိုသုံးဦးစလုံးသည် ငယ်စဉ်အခါက မြောက်ဦးမြို့တော် တောင်ညိုကျောင်းတိုက် (အဂ္ဂစိန္တေ ယျ) ဆရာ တော်ထံတွင် ပညာသင်ကြားပြီးနောက် အသက် (၁၆) နှစ်လွန်သောအခါ မဇ္ဈိမဒေသ သို့ လား ရောက် ပြီး (ဗာရာဏသီ) မြို့တွင် ပညာအတူသင်ကြားသည်။ မင်းဗာကြီးနှင့် မဟာပညာကျော်ရို့မှာကား ပညာသင် ကြားကြပြီးနောက် ရခိုင်ပြည်မြောက်ဦးမြို့တော်သို့ ပြန်လာ လတ်ကတ်သည်။

သျှင်မြဝါမှာမူကား မပြန်နိုင်သိမ့်ဘဲ ဗာရာဏသီမြို့တော်မှတဆင့် မိဂတာဝုန်တောဟိသီရိဗိဿနိုး ရသေ့ကြီး ထံတွင် ရသေ့ဘဝအဖြစ်ဝင်ရောက်ကာ ထက်မံလျှက် ပညာသင်ကြားနီလီသည်။ သျှင် မြဝါ မှာ အင်းအိုင် မန္တာန်နှင့် အမျိုးမျိုးသော လောကီပညာရပ်များကိုတတ်မြောက်ကာ ရသေ့ အဝတ် ဖြင့် ရခိုင်ပြည် မြောက်ဦး မြို့တော်သို့ ပြန်ရောက်လာသည်။

မြို့တော်သို့ပြန်ရောက်ပြီးသည်နောက် တနိသောအခါနန်းတော်ညီလာခံသို့ ဝင်လီပြီးသော် မင်းဗာဘုရင် အား လက်ကိုင်တုတ်တော်ဖြင့်ချိန်ရွယ်လျှက် (သင်မင်းကြီး ယောက်ျားလော၊ မိမ္မလော၊ ငါကား အမှန် မိမ္မ မြင်သည်) ဟုသုံးကြိမ်ဆိုကာ နန်းတော်မှ ထွက်ခွာလားသည်။ ဘုရင်မင်းမြတ်သည်လည်းအရှက်ရ၍ အမတ် အပေါင်းနှင့်တိုင်ပင်လတ်သော် မဟာပညာကျော်အမတ်ကြီးက လျှောက်ထားသည်မှာ သျှင်မြဝါ၏ ဆိုလို ရင်းစကား အကြောင်းရင်းကား ယောက်ျားပီပီ ဘီးလောင်း တော်များလက်ထက်က သူရတန်မင်းအား ပီးအပ် ခရသည့် ဘင်္ဂလားနယ်ကို ပြည်လည်တိုက်ခိုက် သိမ်းယူထိုက်ကြောင်း မဟာပညာကျော် အမတ် ကြီးက လျှောက်တင်လီသော် မင်းကြီးလည်း အားရတော်မူ၍ မဟာပညာကျော်အား စစ်အင်္ဂါရပ်များ ကိုစီမံစီ ကာ ကုန်းတပ်ရီတပ်ခိုင်စွာဖွဲ့လျှက် မြောက်ဦးမြို့တော်ကြီးကိုလည်း တံတိုင်း၊ကျုံးမြောင်းခိုင်စွာ တည် ဆောက် ပြီးစီးစီပြီးသော် ရီတပ် ဗိုလ်ချုပ်အဖြစ် သားတော်မင်းဖလောင်းအား ခန့်အပ်လျှက် မယုံခြုံစား ဝိမလ ပညာ ဟိအား ကြည်း တပ်နှင့်တကွ စစ်ချီထွက်ဦးစီးတော်မူသည်။

ထိုအခါ သျှင်မြဝါလည်းဝမ်းမြောက်စွာဖြင့် သေနင်္ဂဗျူဟာခင်းစီကာ စီမံပီးလီသဖြင့် လူတဦး တယောက် မျှ မသီကုန်ဘဲ ကုလား၏စစ်ကို အလွယ်တကူအောင်နိုင်တော်မူသည်။ ထိုကဲ့သို့ စစ်အောင်မြင်ပြီးနောက် ကုလားမင်း၏သမီးတော် (ပဲသီတာ) အားဆက်သလီသဖြင့် အနောက် မိဖုရားအဖြစ်မြှောက်စားတော်မူကာ စစ်ကိုတန့်ထားရာနီရာဒေသဖြစ်သော (စစ်တန့်ကောင်း) ယခုအခါ (စစ်တကောင်း) ၌ ထီးနန်းဆောက်ကာ စိုးစံတော်မူသည်။ သက်တော် (၄၁) နှစ်တွင် မင်းဗာဘုရင်လည်း ဗုဒ္ဓဂယာ၌ ဗုဒ္ဓရုပ်ပွားတော်ပတ်လည် (၄၁) ဆူဖြင့် (သက်တော် စိဘုရား) စေတီတော်တဆူတည်တော်မူသည်ဟူ၏။

မင်းဗာဘုရင်မင်းမြတ်သည် မဇ္ဈိမဒေသတွင် စေတီပုထိုးကျိုးပျက်စီးများမှရရှိသော ဘုရား ရဟန္တာ ရို့၏ ဓာတ်တော်သျှစ်သောင်းကို ရွှေငွေပတ္တမြားစီသော ရတနာကြုတ်ကို မင်္ဂလာအုတ်တော် ၌ ထည့်လျှက် ရခိုင်ပြည်မြောက်ဦးနန်းတော်သို့ ဆောင်ယူလာလတ်ပြီးလျှင် နန်းတော်အတွင်း ဘုရား နန်းပြဿဒ် ဆောင် ဖြင့် ကိုးကွယ်ထားဟိသည်။ မကြာမှီ ဓာတ်တော်များကွန့်မြူး၍ နန်းမီး လောင် သကဲ့သို့ လူများစွာရို့သည် အဝီးကမြင်ကတ်ရ၍ ဟိုးဟိုးကျော်ကျော်ဖြစ်ကုန်သည်။ သို့နှင့် ဆရာ ကြီး သျှင်မြဝါ၏အစီအမံဖြင့် နန်းတော် မြောက်ဘက် ဖိုးခေါင်တောင်ကလပ်ဝယ် သျှစ်သောင်း သော ဓာတ်မွီတော်ရို့အားဌာပနာ၍ ကြီးစွာ သောပုထိုးတော်ကြီးတဆူတည်တော်မူ၍ ရန်အောင်ဇေယျ(ခေါ်) သျှစ်သောင်းပုထိုးတော်ကြီးဟုခေါ် တွင် သည်။

ဆရာကြီးသျှင်မြဝါသည် မြောက်ဦးမြို့သက်ကို အနှစ် (၁၀၀၀) ရှည်စီခြင်းငှာရည်ရွယ်လျှက် အတိတ် နိမိတ်ခန်းရို့အားတွက်ချက်၍ ဓာတ်လားဓာတ်လာသင့်စီပြီးသော် အင်းအိုင်မန္တရားစီမံလျှက် ပြီးစီးသောအခါ ကြသားပတီးနံတခု အလောလောလိုနီသဖြင့် ရှာဖွေကကြန့်ကြာ မည်ဖြစ် သောကြောင့် ငါပင်လျှင် (ကြသ ပတီးသားတည်း) ဟုဆိုကာ မိမိရင်အုံတော်အား ဓားနှင့်ခွဲကာ အူကိုထုတ်လျှက် မြို့ကွန် ချာ တိုင် တွင် ရစ် ပတ်စီပြီးသော် ငါ့အား (သီဆုံးသည့်နီရာ၌ပင် မြှပ်ကုန် လော့) ဟု မိန့်မှာလျှက် သီဆုံးလားသည်။

ဘုရင်မင်းဗာကြီးသည် ထိုစကားကိုနားမထောင်ဘဲ ငါ၏ဆရာကို ခွီး၊ ဝက်ကဲ့သို့ မမြှုပ်နိုင်၊ ပွဲသဘင် ကျင်းပပြီး ရထားပန်းယာဉ်ဆွဲလျှက် သင်းဂြိုဟ်လီသောကြောင့် ရခိုင်ပြည်သည် ယိမ်းယိုင်ပျက်စီး ခြင်းသို့ ရောက်ရသည်ဟု ဆိုစမှတ်ပြုလတ်သည်။

ဆရာကြီးသျှင်မြဝါသီဆုံးလားသောနီရာမှာ (မြို့ကွန်ချာတိုင်စိုက်ထူရာ မြင့်မြတ်သောမြီ၊ ယခုအခါ ရွှေဂူ တောင်ရွာထဲတွင်ဟိသည်။ ထိုနီရာတွင် သျှင်မြဝါစီမံထားသော အင်းတချပ်ထားဟိသည်။ ၎င်းအပြင် သျှင်မြ ဝါ၏ရုပ်ထုကိုလည်း ထုထစ်ထားဟိသည်။

ထိုနီရာ၏မြောက်ဘက်တောင်ထိပ်တွင် သျှင်မြဝါစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်သည်။

(မည်သည့်ကျမ်းကိုအကိုးအကားပြုသည်ကိုဖော်ပြထားခြင်းမဟိ။သို့သော်ဖတ်၍ကောင်းသဖြင့်ဖော်ပြပီးလိုက် ပါသည်။)

ရခိုင်စာပီ မဂ္ဂဇိန်း(1)

ကိုခိုင်မိုးည စာမျက်နှာမှ ကူးယူဖေါ်ပြသည်။

Friday, December 4, 2015

ရခိုင်​လူမျိုးရို့၏... ရခိုင်​ရိုးရာ ကျင်​ အားကစားနည်း နှင့်​ စိုးသန့်​​အောင်​ တည်းဖြတ်​ ရိုက်​ကူးထားသည့်​ ​ရှေး​ဟောင်း​တေးခြင်း တပုဒ်
နား​ထောင်​ကြည့်​ကတ်​ပါ။
Mrauk U Kingdom, Buddhist Land Of Arakan ( Rakhine State)
ဗောဓိ​ရွှေဂူ ​စေတီ​တော်​ အတွင်းမှ ရခိုင်​တို့ရဲ့ ​ကျောက်​ဆစ်​ဗိသုကာ လက်​ရာများ
Buddhist Land Of Arakan, Mrauk-U Kingdom

Thursday, December 3, 2015

မြောက်​ဦးမြို့ နန်း​တော်​ကြီး၏ ​တောင်​ဘက်​ တံတိုင်း